Sunday, September 30, 2018
News
  unicode စင်ကာပူ နိုင်ငံ ၌ ၂၀၁၈ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့မှ စက်တင်ဘာလ ၁ ရက် နေ့အထိ ကျင်းပသည့် အကြိမ် (၅၀) မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်း အဝေး
(၁၀) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်) စီးပွားရေးဝန်ကြီးများအစည်းအဝေး၊ 
 အာဆီယံစီးပွားရေးအသိုက်အဝန်း ၂၀၂၅ အကောင် အထည်ဖော်မှု
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည်  ဟနွိုင်းမြို့ရှိ National Convention Center၌ ကျင်းပသည့် အာဆီယံဒေသဆိုင်ရာ (၂၇) ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ်
စက်တင်ဘာ ၁၁ ရက်
 zawgyi စင်ကာပူ နိုင်ငံ ၌ ၂၀၁၈ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့မှ စက်တင်ဘာလ ၁ ရက် နေ့အထိ ကျင်းပသည့် အကြိမ် (၅၀) မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်း အဝေး
စက်တင်ဘာ ၁၁ ရက်
NEW APK open by Chrome
https://2961633.igenapps.com/
Saturday, September 29, 2018
ဖတ်ထားပါ
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က အပြီးသတ်အစီရင်ခံစာကို မြန်မာအစိုးရထံ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လမှာ တင်သွင်းခဲ့ပါတယ်။ အစီရင်ခံစာမှာ ရခိုင်ပြည်နယ် ရေရှည်ငြိမ်းချမ်း တည်ငြိမ်ဖို့အတွက် အကြံပြုချက် (၈၈) ချက် ပါဝင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အကောင်အထည်ဖော်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီးနောက်၊ ယခုအချိန်မှာ အကြံပြုချက် (၈၈) အနက် (၈၁) ချက်ကို အကောင်အထည်ဖော်နေပြီ
နှစ်စဉ် အောက်တိုဘာ၁ ရက်ကို “အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့” ဟု သတ်မှတ်ပေးသည်
၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အတွက် ကုလသမဂ္ဂက ချမှတ်ပေးသော ဦးတည်ချက်ဆောင်ပုဒ်မှာ “Celebrating Older Human Rights Champions} ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်းရှိ ဆူလာဝေစီ ကျွန်းပေါ်မှာ စက်တင်ဘာလ ၂၈ ရက်နေ့ ညပိုင်းက ၇.၅ ရစ်ချက်တာ စကေးပြင်းထန်တဲ့ ငလျင်လှုပ်အပြီး ၅ ပေအမြင့်ရှိ ဆူနာမီလှိုင်းလုံးများ ဖြစ်ပေါ်လာသောကြောင့် လူပေါင်း ၃၈၄ ဦးအထိ သေဆုံး
သိရှိမှတ်သား
Friday, September 28, 2018
China America trade world (Zawgyi and Uni)
 Zawgyi code
အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ဖိုးရှိ တရုတ်ကုန်ပစ္စည်းတွေအပေါ် ထရမ့်အစိုးရက ဆယ်ရာခိုင်နှုန်း စည်းကြပ်ခွန် စက်တင်ဘာ ၂၄ ရက်မှာ ဆယ်ရာခိုင်နှုန်း တိုးမြှင့်ခြင်းနဲ့ စပြီး အသက်ဝင်တော့မှာ ဖြစ်ပါတယ်။ လာမယ့်နှစ်မှာ ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့ အမေရိကန်က ကြေညာထားပြီးလည်း ဖြစ်ပါတယ်။
အမေရိကန်ဘက်က တရုတ် သွင်းကုန်တွေ အပေါ် အခွန်တိုးကောက်ပြီး တရုတ်ဘက်ကလည်း လက်တုံ့ပြန်နေတဲ့ အမေရိကန် တရုတ်ကုန်သွယ်ရေး စစ်ပွဲကြောင့် လာမယ့်နှစ်မှာ တရုတ်ရဲ့ ပြည်တွင်း အသားတင် ထုတ်လုပ်မှု GDP ကျသွားမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB က  ဖော်ပြပါတယ်
တရုတ်အနေနဲ့ အမေရိကန်နဲ့ ကုန်သွယ်ရာမှာ လိုက်လိုက်လျောလျော ဆက်ဆံလာစေဖို့ တရုတ်နိုင်ငံအပေါ် အခုလို သွင်းကုန်တိုးစည်းကြပ်တာဖြစ်ကြောင်း ထရမ့်အစိုးရအဖွဲ့က အကြောင်း ပြထားပါတယ်။တရုတ် နိုင်ငံ အနေနဲ့ မျှတမှု မရှိတဲ့ ကုန်သွယ်ရေး စနစ် ကျင့်သုံးတာတွေ၊ အစိုးရ က ထောက်ပံ့မှု ပေးနေတဲ့ ကုမ္ပဏီတွေနဲ့ ပြည်တွင်း ကုမ္ပဏီတွေ နဲ့ မိတ်ဘက် နိုင်ငံရပ်ခြား ကုမ္ပဏီ တွေ နိုင်ငံတွင်း ဝင်ရောက်ရာမှာ ကျင့်သုံးတဲ့ အစိုးရ ရဲ့ ဥပဒေ တွေ ဟာ မမျှတတဲ့ အတွက် တုံ့ပြန်ရတာ ဖြစ်တယ် ဆိုပြီး အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် က ပြောဆို ထားပါတယ်။ နောက် တဆင့် အနေနဲ့ တရုတ် ကုန်ပစ္စည်းတွေ အပေါ်မှာ ၂၆၇ ဘီလီယံ ဒေါ်လာ တန်ကြေး ရှိတဲ့ အခွန်နှုန်း ထား တိုးမြှင့် မှုတွေ လုပ်သွားမှာ ဖြစ်ကြောင်း သမ္မတ ထရမ့် က ပြောထားပါတယ်။
တရုတ် ရဲ့ သွင်းကုန် အားလုံး နီးပါးဟာ ဥပဒေ သစ် အရ အခွန် ပေးဆောင်ရ တော့မယ့် အနေအထား အထိ ကို ရောက်ရှိသွားမှာပါ။
ကမ္ဘာမှာစီးပွားရေး အင်အားအကြီးဆုံး နိုင်ငံ ၂ နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားနေတဲ့အတွက် ကမ္ဘာတဝန်း စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ ၂၀၂၀ ပြည့်နှစ်လောက်အထိ ဝ.၅ ရာခိုင်နှုန်းလောက် ကျဆင်းသွားနိုင်ကြောင်းလည်း စီးပွားရေးပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
 Unicode
၆၀ ဘီလျံပမာဏာရှိတဲ့ အမေရိကန်သွင်းကုန်တွေအပေါ် တရုတ်အစိုးရက အခွန်တိုးမြှင့်ကောက်ခံမယ် ကြေညာပါတယ်။အမေရိကန်က တရုတ်သွင်းကုန်တွေအပေါ် အခွန်တိုးကောက်တာကြောင့် တရုတ်ဘက်ကလည်း အခုလို လက်တုံ့ပြန် ။အမေရိကန်က သွင်းကုန်ခွန်တိုးကောက်ခံမယ့် ပမာဏာရဲ့ တဝက်လောက်သာ ရှိပါတယ်။
  အမေရိကန်နိုင်ငံဘက်က အခွန်စည်းကြပ်မှုအသစ်တွေ ချမှတ်လိုက် တာကြောင့် တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆွေးနွေးပွဲတွေကို တရုတ်ဘက်က ဖျက်သိမ်း လိုက်ပါတယ်။
Wednesday, September 26, 2018
ကုလသမဂၢ အေထြေထြ ညီလာခံ Zawgyi and unicode
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
နယူးယောက် စက်တင်ဘာ ၂၆
Unicode
(၇၃) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲ
ဖွင့်ပွဲအခမ်းအနားနှင့် ပထမနေ့အစီအစဉ်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
နယူးယောက် စက်တင်ဘာ ၂၆
(၇၃) ကြိမ်မြောက် ကုလသမဂ္ဂ အထွေ ထွေညီလာခံ၏ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပထမ နေ့အစီအစဉ်ကို စက်တင်ဘာ ၂၅ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၏ အထွေထွေ ညီလာခံ ခန်းမ၌ကျင်းပရာ မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် နိုင်ငံ တော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း၊ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးအောင်လင်းတို့နှင့်အတူ တက်ရောက် ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ နိုင်ငံ အကြီးအကဲ၊ အစိုးရအကြီးအကဲနှင့် ဝန်ကြီးအဆင့် ကိုယ်စားလှယ်အဖွဲ့များ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂူတာရက်စ်နှင့် (၇၃) ကြိမ် မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိ မစ္စ မာရီယာ ဖာနန်ဒါ အက်စ် ပင်နိုဆာ ဂါဆက်တို့ တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် ညီလာခံ သဘာပတိတို့က အဖွင့်မိန့်ခွန်းများ ပြောကြားကြ ပြီး အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ အမေရိကန် ပြည်ထောင်စုသမ္မတ မစ္စတာ ဒေါ်နယ်ထရမ့် အပါအဝင် နိုင်ငံပေါင်း ၃၁ နိုင်ငံမှ သမ္မတများက အထွေထွေမူဝါဒရေးရာ မိန့်ခွန်းများ အသီးသီး ပြောကြားခဲ့သည်။
အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲ ကို စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက စက်တင်ဘာ ၂၈ ရက်တွင် အထွေထွေ မူဝါဒရေးရာမိန့်ခွန်း ပြောကြားမည်ဖြစ် ကြောင်း သိရှိရသည်။
နူကလီးယားစာချုပ် Zawgyi and Unicode fonts
-------------------------------------------
(Unicode Version)
နျူကလီးယားလက်နက် ပိတ်ပင်တားဆီးရေးဆိုင်ရာ စာချုပ်သို့ မြန်မာနိုင်ငံ ပါဝင်လက်မှတ်ရေးထိုး
(၂၇-၉-၂၀၁၈ ရက်၊ နယူးယောက်မြို့)
(၇၃) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်လျက်ရှိသော မြန်မာကိုယ်စားလှယ်အဖွဲ့ ကိုယ်ခွဲခေါင်းဆောင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ၂၆-၉-၂၀၁၈ ရက်၊ ဒေသစံတော်ချိန် ၁၇၀၀ နာရီတွင် နယူးယောက်မြို့၊ ကုလသမဂ္ဂ ဌာနချုပ်၌ ကျင်းပသော ၂၀၁၈ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းများ ချုပ်ဆိုပွဲအခမ်းအနား (2018 Treaty Event) သို့ တက်ရောက်ခဲ့ပြီး နျူကလီးယားလက်နက် ပိတ်ပင်တားဆီးရေးဆိုင်ရာ စာချုပ် (Treaty on the Prohibition of Nuclear Weapons-TPNW) တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ကိုယ်စား လက်မှတ်ရေးထိုးခဲ့ပါသည်။
အဆိုပါ အခမ်းအနားကို အပြည်ပြည်ဆိုင်ရာ နျူကလီးယားလက်နက်များ အလုံးစုံ ဖျက်သိမ်းရေးနေ့နှင့် တိုက်ဆိုင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး၊   စာချုပ်တွင် လက်မှတ်မရေးထိုးရသေးသော နိုင်ငံများက လက်မှတ်ရေးထိုးခြင်း၊ လက်မှတ်ရေးထိုးပြီးသည့် နိုင်ငံများက အတည်ပြုခြင်း (ratification) တို့ကို ဆောင်ရွက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံ အနေဖြင့် စာချုပ်တွင် (၆၁) နိုင်ငံမြောက် လက်မှတ်ရေးထိုးခြင်း ဖြစ်ပြီး၊ အန်တီကွာဘာဗူဒါနိုင်ငံ၊ ဘီနင်နိုင်ငံ၊ ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ၊ ဂီနီယာ ဗစ်ဆာရူနိုင်ငံ၊ ဆေရှဲလ်နိုင်ငံ၊ တီမောလက်စ်တေးနိုင်ငံတို့ကလည်း အလားတူ ပါဝင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ဂမ်ဘီယာနိုင်ငံ၊ ဆာမိုအာနိုင်ငံ၊ ဆန်မာရီးနိုးနိုင်ငံ၊ ဗန်နွာတူနိုင်ငံတို့က စာချုပ်အား အတည်ပြုခဲ့ကြပါသည်။
ယခုအခါ အဆိုပါစာချုပ်အား ပါဝင်လက်မှတ်ရေးထိုးပြီးသည့်နိုင်ငံ (၆၇) နိုင်ငံနှင့် အတည်ပြုပြီးသည့် နိုင်ငံ (၁၉) နိုင်ငံ ရှိကြောင်း၊ စာချုပ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့က လက်မှတ်ရေးထိုးပြီး ဖြစ်ပြီး၊ ထိုင်းနိုင်ငံက အတည်ပြုပြီး ဖြစ်ကြောင်း သိရှိရပါသည်။
Tuesday, September 25, 2018
unicode and zawgyi ၂ မျိုးလုံးပါသည်။ ဆုံးအောင်ဖတ်ပါ။ ၀န်ကြီးဌာန ၂၄ ခု။ အရေးကြီးသောဌာနများသာမှတ်ပါ။
ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ
စဉ်
ဝန်ကြီးဌာနအမည်
ပြည်ထောင်စုဝန်ကြီး
ဒုတိယဝန်ကြီး
၁။
နိုင်ငံခြားရေးဝန်ကြီးဌာန
ဒေါ်အောင်ဆန်းစုကြည်
၂။
သမ္မတရုံးဝန်ကြီးဌာန
ဒေါ်အောင်ဆန်းစုကြည်
ဦးမင်းသူ
၃။
ပြည်ထဲရေးဝန်ကြီးဌာန
ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ
ဗိုလ်ချုပ်အောင်သူ
၄။
ကာကွယ်ရေးဝန်ကြီးဌာန
ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း
ဗိုလ်ချုပ်မြင့်နွယ်
၅။
နယ်စပ်ရေးရာဝန်ကြီးဌာန
ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်
ဗိုလ်ချုပ်သန်းထွဋ်
၆။
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန
ဦးကျော်တင့်ဆွေ
ဦးခင်မောင်တင်
၇။
ပြန်ကြားရေး ဝန်ကြီးဌာန
ဒေါက်တာဖေမြင့်
ဦးအောင်လှထွန်း
၈။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန
ဦးသောင်းထွန်း
၉။
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန
သူရဦးအောင်ကို
၁၀။
စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန
ဒေါက်တာအောင်သူ
ဦးလှကျော်
၁၁။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
ဦးသန့်စင်မောင်
ဦးကျော်မျိုး
ဦးသာဦး
၁၂။
သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဝန်ကြီး ဌာန
ဦးအုန်းဝင်း
၁၃။
လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန
ဦးဝင်းခိုင်
ဒေါက်တာထွန်းနိုင်
၁၄။
အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာန
ဦးသိန်းဆွေ
၁၅။
စက်မှုဝန်ကြီးဌာန
ဦးခင်မောင်ချို
၁၆။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန
ဒေါက်တာသန်းမြင့်
ဦးအောင်ထူး
၁၇။
ပညာရေးဝန်ကြီးဌာန
ဒေါက်တာမျိုးသိမ်းကြီး
ဦးဝင်းမော်ထွန်း
၁၈။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
ဒေါက်တာမြင့်ထွေး
ဒေါက်တာမြလေးစိန်
၁၉။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
ဦးစိုး၀င်း
ဦးမောင်မောင်ဝင်း
ဦးဆက်အောင်
၂၀။
ဆောက်လုပ်ရေး ဝန်ကြီးဌာန
ဦးဟန်ဇော်
ဦးကျော်လင်း
၂၁။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန
ဒေါက်တာဝင်းမြတ်အေး
ဦးစိုးအောင်
၂၂။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန
ဦးအုန်းမောင်
၂၃။
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန
နိုင်သက်လွင်
၂၄။
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန
ဦးကျော်တင်
ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ
စဉ်
အဖွဲ့အစည်း
၁။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥဒေဆိုင်ရာခုံရုံး
ဥက္ကဌ ဦးမျိုးညွန့်
၂။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး
ဥက္ကဌ ဦးလှသိန်း
၃။
ပြည်ထောင်စုရှေ့နေချုပ်ရုံး
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး
၄။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း
၅။
ပြည်ထောင်စုရာထူးဝန်အဖွဲ့
ဥက္ကဌ ဒေါက်တာဝင်းသိန်း
ဦးသာဦး
ဦးဆက်အောင်
စဉ်    အဖွဲ့အစည်း    