Friday, October 12, 2018

by elections



 Zawgyi

 ၂၀၁၈ ခုႏွစ္ ၾကားျဖတ္ေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာ(၃)ရက္တြင္ က်င္းပသြားမည္/ ၾကားျဖတ္ေ႐ြးေကာက္ပြဲက်င္းပမည့္ လစ္လပ္မဲဆႏၵနယ္ (၁၃) ေနရာ ရွိ

 Unicode

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ(၃)ရက်တွင် ကျင်းပသွားမည်၊ ကြားဖြတ်လစ်လပ်မဲဆန္ဒနယ် (၁၃) နေရာ

သိရန္

အရင္လည္း ေပးၿပီးၿပီ


Thursday, October 11, 2018

ဦးစားေပး ၾကည့္ရမည့္ အစီအစဥ္

အခြန္ဆိုင္ရာ ဝန္ျကီးဌာနဆိုင္ရာ မွတ္စုမ်ား
ျပည္တြင္းဗဟုသုတ သမိုင္း ပထဝီ
လႊတ္ေတာ္
အာဆီယံ
ကုလသမဂၢ
အဖြဲ႔အစည္း မွတ္စုေတြ
Update မ်ား


Indonesia

အင္အားျပင္းငလ်င္လႈပ္ခတ္ခဲ့ၿပီးေနာက္ နာရီပုိင္းအၾကာတြင္ အင္ဒုိနီးရွား ဆူလာေ၀စီကၽြန္းရွိ ပါလူၿမိဳ႕ကုိ ဆူနာမီေရလႈိင္းမ်ား ရုိက္ခတ္လႊမ္းမုိးခဲ့

အင္ဒုိနီးရွားႏုိင္ငံ ဆူလာေ၀စီကၽြန္းမွာ မေန႔က ညေနပုိင္းက ျပင္းအား ၇ ဒသမ ၅ မဂၢနီက်ဳ႕ရွိ ငလ်င္ႀကီး လႈပ္ခတ္ခဲ့ၿပီးေနာက္ နာရီပုိင္းအၾကားမွာပဲ ကမ္းရုိးတန္းၿမိဳ႕ျဖစ္တဲ့ ပါလူၿမိဳ႕ကုိ ဆူနာမီ ေရလႈိင္းေတြ ရုိက္ခတ္


ႏိုဘယ္ဆု unicode and zawgyi


ခန္ဓာကိုယ် ခုခံအားစနစ်ကိုအသုံးပြုကာကင်ဆာကိုချေမှုန်းမည့် နည်းလမ်းကိုရှာဖွေတွေ့ရှိခဲ့သောဆေးပညာရှင်နှစ်ဦးကို ၂၀၁၈ ခုနှစ်အတွက် ဆေးပညာဆိုင်ရာ နိုဘယ်ဆုချီးမြှင့်လိုက်ကြောင်း သိရသည်။ 





အမေရိကန်မှ ပါမောက္ခ ဂျိမ်းစ် ပီအဲလီဆင်နှင့် ဂျပန်မှ ပါမောက္ခ တာဆူကူဟွန်ဂျို




ခႏၶာကိုယ္ ခုခံအားစနစ္ကိုအသုံးျပဳကာကင္ဆာကိုေခ်မႈန္းမည့္ နည္းလမ္းကိုရွာေဖြေတြ႕ရွိခဲ့ေသာေဆးပညာရွင္ႏွစ္ဦးကို ၂၀၁၈ ခုႏွစ္အတြက္ ေဆးပညာဆိုင္ရာ ႏိုဘယ္ဆုခ်ီးျမႇင့္လိုက္ေၾကာင္း သိရသည္။

အေမရိကန္မွ ပါေမာကၡ ဂ်ိမ္းစ္ ပီအဲလီဆင္ႏွင့္ ဂ်ပန္မွ ပါေမာကၡ တာဆူကူဟြန္ဂ်ိဳ


Tuesday, October 9, 2018

မဲေခါင္ ဂ်ပန္ Zawgyi and Unicode

ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ (၁၀) ႀကိမ္ေျမာက္ မဲေခါင္-ဂ်ပန္ထိပ္သီး အစည္းအေ၀းႏွင့္ ဂ်ပန္-မဲေခါင္ စီးပြားေရးဖိုရမ္သို႔ တက္ေရာက္ မိန္႔ခြန္းေျပာၾကား
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

တိုက်ိဳ ေအာက္တုိဘာ ၉

ဂ်ပန္ႏုိင္ငံ တိုက်ိဳၿမိဳ႕၌ ေရာက္ရွိေနေသာ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ယေန႕တြင္ (၁၀) ႀကိမ္ေျမာက္ မဲေခါင္-ဂ်ပန္ ထိပ္သီးအစည္းအေ၀းႏွင့္ ဂ်ပန္-မဲေခါင္ စီးပြားေရးဖိုရမ္သို႔ တက္ေရာက္ မိန္႔ခြန္းေျပာၾကားသည္။

ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ အဖြဲ႕၀င္မ်ားႏွင့္ အတူ ေဒသစံေတာ္ခ်ိန္ နံနက္ ၇ နာရီခြဲတြင္ ဂ်ပန္-မဲေခါင္ ပါလီမန္ခ်စ္ၾကည္ေရးအသင္းက Hotel New Otani ၌ တည္ခင္းဧည့္ခံသည့္ မဲေခါင္ႏုိင္ငံ ႏုိင္ငံ့ေခါင္းေဆာင္မ်ား၏ အလုပ္သေဘာ နံနက္စာစားပြဲသို႔ တက္ေရာက္သည္။

အလုပ္သေဘာ နံနက္စာစားပြဲသို႔ ကေမၻာဒီးယားႏုိင္ငံ ၀န္ႀကီးခ်ဳပ္ မစၥတာ ဆမ္ဒက္ ဟြန္ဆန္၊ လာအုိႏိုင္ငံ ၀န္ႀကီးခ်ဳပ္ မစၥတာ ေထာင္လြန္းဆီ ဆုလစ္၊ ထုိင္းႏိုင္ငံ ၀န္ႀကီးခ်ဳပ္ မစၥတာ ပရာယြတ္ ခ်န္အိုခ်ာ၊ ဗီယက္နမ္ႏိုင္ငံ ၀န္ႀကီးခ်ဳပ္ မစၥတာ ငုယင္ စြမ္းဖု၊ မဲေခါင္အဖဲြ႕၀င္ႏိုင္ငံမ်ားမွ ကုိယ္စားလွယ္အဖဲြ႕၀င္မ်ား၊ ဂ်ပန္-မဲေခါင္ ပါလီမန္ ခ်စ္ၾကည္ေရးအသင္းမွ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

နံနက္စာစားပြဲတြင္  ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ႏႈတ္ခြန္းဆက္ စကားေျပာၾကားသည္။

ထို႔အတူ ဂ်ပန္ႏွင့္ မဲေခါင္ႏုိင္ငံမ်ားမွ ႏုိင္ငံ့ေခါင္းေဆာင္မ်ားႏွင့္ ကုိယ္စားလွယ္ မ်ားက ႏႈတ္ခြန္းဆက္ စကားေျပာၾကား ၾကၿပီး ေဒသတြင္းႏုိင္ငံမ်ားအၾကား ဖြံ႕ၿဖိဳး တုိးတက္ေရးႏွင့္  ပူးေပါင္းေဆာင္ရြက္ေရးဆုိင္ရာ ကိစၥရပ္မ်ားႏွင့္စပ္လ်ဥ္း၍ ရွင္းလင္း ေျပာၾကား ၾကသည္။

ယင္းေနာက္ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္သည္ ကေမၻာဒီးယားႏုိင္ငံ ၀န္ႀကီး ခ်ဳပ္၊ လာအုိႏိုင္ငံ ၀န္ႀကီးခ်ဳပ္၊ ထုိင္းႏိုင္ငံ ၀န္ႀကီးခ်ဳပ္၊ ဗီယက္နမ္ႏိုင္ငံ ၀န္ႀကီးခ်ဳပ္ တို႔ႏွင့္အတူ Soccer Event အခမ္းအနားႏွင့္ (၁၀)ႀကိမ္ေျမာက္ မဲေခါင္-ဂ်ပန္ ထိပ္သီး အစည္းအေ၀းဖြင့္ပြဲ အခမ္းအနားသို႔ တက္ေရာက္ရန္ တုိက်ဳိၿမိဳ႕ရွိ ႏုိင္ငံေတာ္ဧည့္ေဂဟာ သို႔ေရာက္ရွိရာ ဂ်ပန္ႏိုင္ငံ ၀န္ႀကီးခ်ဳပ္က ဂုဏ္ျပဳတပ္ဖဲြ႕ျဖင့္ ႀကိဳဆိုသည္။

Soccer Event အခမ္းအနားတြင္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္၊ ဂ်ပန္ႏိုင္ငံ ၀န္ႀကီးခ်ဳပ္၊  ကေမၻာဒီးယားႏုိင္ငံ၀န္ႀကီးခ်ဳပ္၊ လာအုိႏိုင္ငံ ၀န္ႀကီးခ်ဳပ္၊ ထုိင္းႏိုင္ငံ ၀န္ႀကီး ခ်ဳပ္ႏွင့္ ဗီယက္နမ္ႏိုင္ငံ ၀န္ႀကီးခ်ဳပ္တို႔သည္ မဲေခါင္ေဒသတြင္းႏုိင္ငံမ်ားမွ ေဘာလံုးအဖဲြ႔ ခ်ဳပ္မ်ားျဖစ္သည့္ ျမန္မာ၊ ထုိင္း၊ လာအုိ၊ ကေမၻာဒီးယား၊ ဗီယက္နမ္တုိ႔မွ ေဘာလံုး အဖဲြ႔ခ်ဳပ္ဥကၠ႒မ်ား၊ ဒုတိယဥကၠ႒မ်ား၊ အေထြေထြအတြင္းေရးမွဴးမ်ားႏွင့္ U-17 အသင္းေခါင္းေဆာင္ မ်ားအား ရင္းႏွီးစြာေတြ႕ဆံု ႏႈတ္ဆက္ခဲ့ၾကၿပီး အမွတ္တရ လက္ေဆာင္ အျဖစ္ ေဘာလံုးမ်ား ေပးအပ္ၾကသည္။

ဂ်ပန္ႏွင့္ မဲေခါင္ေဒသတြင္းႏုိင္ငံမ်ား ပိုမိုခ်စ္ၾကည္ရင္းႏွီးမႈ ရရွိေစရန္အတြက္ ယခုကဲ့သို႔ ေဘာလံုးအားကစားျဖင့္ ဆက္ဆံပူးေပါင္း ေဆာင္ရြက္ျခင္းသည္ မ်ားစြာအ က်ိဳးရွိၿပီး ဂ်ပန္-မဲေခါင္ U-17 ၿပိဳင္ပဲြကဲ့သို႔ေသာ ဖိတ္ေခၚၿပိဳင္ပဲြ မ်ားျဖင့္ ေဒသတြင္းႏုိင္ငံ မ်ားပိုမိုခ်စ္ၾကည္ရင္းႏွီးမႈရရွိလာသည့္အျပင္ မဲေခါင္ေဒသတြင္း ေဘာလံုးအားကစား အဆင့္အတန္းလည္း ပိုမိုျမင့္မားလာမည္ျဖစ္သည္။

ထုိ႔ေနာက္ ဂ်ပန္ေဘာလံုးအဖြဲ႕ခ်ဳပ္ဥကၠ႒က ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ မဲေခါင္အဖဲြ႕၀င္ႏုိင္ငံမ်ား မွ ႏုိင္ငံ့ေခါင္းေဆာင္ မ်ားအား အမွတ္တရအက်ႌမ်ား ျပန္လည္ ေပးအပ္ၿပီး မဲေခါင္ႏိုင္ငံမ်ားမွ ႏုိင္ငံ့ေခါင္းေဆာင္မ်ားႏွင့္အတူ စုေပါင္းမွတ္တမ္း တင္ ဓာတ္ပံု႐ိုက္သည္။

ယင္းေနာက္ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္သည္ ႏုိင္ငံေတာ္ဧည့္ေဂဟာ၌ က်င္းပသည့္ (၁၀)ႀကိမ္ေျမာက္ မဲေခါင္-ဂ်ပန္ထိပ္သီး အစည္းအေ၀း ဖြင့္ပြဲအခမ္းအနား သို႔ တက္ေရာက္သည္။
ထိပ္သီးအစည္းအေ၀း ဖြင့္ပြဲအခမ္းအနားသို႔ ဂ်ပန္ႏိုင္ငံ၀န္ႀကီးခ်ဳပ္၊ မဲေခါင္ အဖြဲ႕၀င္ႏုိင္ငံမ်ားမွ ႏုိင္ငံ့ေခါင္းေဆာင္မ်ား၊ ကုိယ္စားလွယ္ အဖဲြ႕၀င္မ်ားႏွင့္ အဆင့္ျမင့္ အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။
အစည္းအေ၀းတြင္ ဂ်ပန္ႏုိင္ငံ၀န္ႀကီးခ်ဳပ္ မစၥတာ ရွင္ဇိုအာေဘးက အဖြင့္အမွာ စကားေျပာၾကားၿပီး ကေမၻာဒီးယားႏုိင္ငံ ၀န္ႀကီးခ်ဳပ္ မစၥတာ ဆမ္ဒက္ ဟြန္ဆန္၊ လာအုိ ႏိုင္ငံ ၀န္ႀကီးခ်ဳပ္ မစၥတာ ေထာင္လြန္းဆီ ဆုလစ္၊ ႏို္င္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ ထုိင္းႏိုင္ငံ ၀န္ႀကီးခ်ဳပ္ မစၥတာ ပရာယြတ္ ခ်န္အိုခ်ာႏွင့္ ဗီယက္ နမ္ႏိုင္ငံ ၀န္ႀကီးခ်ဳပ္ မစၥတာ ငုယင္ စြမ္းဖုတို႔ ပါ၀င္ေဆြးေႏြးၾကသည္။

ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ပါ၀င္ေဆြးေႏြးရာ တြင္ မဲေခါင္-ဂ်ပန္ ပူးေပါင္းေဆာင္ရြက္ေရး၏ “တိုက်ိဳမဟာဗ်ဴဟာ ၂၀၁၅ (၂၀၁၅-၂၀၁၈) ” အရ ပူးေပါင္းေဆာင္ရြက္မႈ အေျခအေနမ်ားကုိ သုံးသပ္ေဆြးေႏြးၿပီး အနာဂတ္တြင္ ေဆာင္ရြက္မည့္ အစီအစဥ္မ်ား၊ အထူးသျဖင့္ မဲေခါင္ႏုိင္ငံမ်ားအၾကား သယ္ယူပုိ႔ေဆာင္ ေရးႏွင့္ စြမ္းအင္က႑မ်ား အပါအ၀င္ အျခားေသာ က႑မ်ား၏ အေျခခံအေဆာက္အဦ မ်ား ေပါင္းစည္းဆက္ႏြယ္မႈတုိးျမႇင့္ေရး၊ မဲေခါင္ႏုိင္ငံမ်ားႏွင့္ ဂ်ပန္ႏုိင္ငံတို႔အၾကား စက္မႈ ကုန္ထုတ္လုပ္မႈဆိုင္ရာ ခ်ိတ္ဆက္ေဆာင္ရြက္ မႈ ျမႇင့္တင္ေဆာင္ရြက္သြားေရး၊ “ျပည္သူ အေျချပဳအသိုုက္အ၀န္း” တစ္ခု ထူေထာင္သြားေရး၊ နည္းပညာႏွင့္ လူ႔စြမ္းအားအရင္း အျမစ္ ဖြံ႕ၿဖိဳးတိုးတက္မႈတို႔အတြက္ ဆက္လက္ေဆာင္ရြက္သြားမည့္ အစီအစဥ္မ်ားႏွင့္ႏို္င္ငံ တကာအေရးကိစၥမ်ားကို ေဆြးေႏြးခဲ့သည္။

ယင္းေနာက္ ဖြင့္ပြဲအခမ္းအနားသို႔ တက္ေရာက္လာၾကသည့္ မဲေခါင္-ဂ်ပန္ ႏုိင္ငံ့ ေခါင္းေဆာင္မ်ားက Tokyo Strategy 2018 for Mekong-Japan Cooperation ကို အတည္ျပဳၾကၿပီး ဂ်ပန္ႏိုင္ငံ၀န္ႀကီးခ်ဳပ္ မစၥတာ ရွင္ဇုိအာေဘးက နိဂံုးခ်ဳပ္အမွာ စကား ေျပာၾကားသည္။

ယခုထိပ္သီးအစည္းအေ၀းတြင္ ႏုိင္ငံေခါင္းေဆာင္မ်ားသည္ ၂၀၁၉-၂၀၂၁ ခုႏွစ္ ကာလအတြက္ ပူးေပါင္းေဆာင္ရြက္မႈ မူေဘာင္အျဖစ္ “တိုက်ိဳမဟာဗ်ဴဟာ ၂၀၁၈ (၂၀၁၉ -၂၀၂၁)” ကို အတည္ျပဳ ထုတ္ျပန္ေၾကညာခဲ့သည္။

ထုိ႔ေနာက္ ဂ်ပန္ႏိုင္ငံ၀န္ႀကီးခ်ဳပ္၊ ကေမၻာဒီးယားႏုိင္ငံ ၀န္ႀကီးခ်ဳပ္၊ ႏုိင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္၊ လာအုိႏိုင္ငံ ၀န္ႀကီးခ်ဳပ္၊ ထုိင္းႏိုင္ငံ ၀န္ႀကီးခ်ဳပ္ႏွင့္ ဗီယက္နမ္ႏိုင္ငံ ၀န္ႀကီးခ်ဳပ္ တို႔သည္ ႏုိင္ငံေတာ္ဧည့္ေဂဟာ၌ က်င္းပသည့္ ပူးတြဲသတင္းစာ ရွင္းလင္းပြဲသို႔ တက္ေရာက္ၾကၿပီး (၁၀)ႀကိမ္ေျမာက္ မဲေခါင္-ဂ်ပန္ ထိပ္သီးအစည္းအေ၀းႏွင့္စပ္လ်ဥ္း၍  သတင္းမီဒီယာမ်ား ကုိ ႏိုင္ငံအလုိက္ ရွင္းလင္းေျပာၾကားၾကသည္။

ယင္းေနာက္ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္သည္ မဲေခါင္ အဖြဲ႕၀င္ႏိုင္ငံမွ ႏုိင္ငံ့ေခါင္းေဆာင္မ်ားႏွင့္အတူ Hotel New Otani Tokyo ၌ က်င္းပသည့္ စီးပြားေရး အဖြဲ႕အစည္းမ်ားႏွင့္ အလုပ္သေဘာ ေန႔လယ္စာစားပြဲသို႔ တက္ေရာက္ၾကသည္။
အလုပ္သေဘာ ေန႔လယ္စာစားပြဲတြင္ ကေမၻာဒီးယားႏုိင္ငံ ၀န္ႀကီးခ်ဳပ္၊ လာအုိႏိုင္ငံ ၀န္ႀကီးခ်ဳပ္၊ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္၊ ထုိင္းႏိုင္ငံ၀န္ႀကီးခ်ဳပ္၊ ဗီယက္နမ္ႏိုင္ငံ ၀န္ႀကီးခ်ဳပ္တို႔သည္ ႏႈတ္ခြန္းဆက္စကား ေျပာၾကားၾကၿပီး စီးပြားေရးအဖြဲ႕အစည္းမ်ားမွ ကုိယ္စားလွယ္မ်ားႏွင့္ အတူ ေန႔လယ္စာကုိ အတူတကြ သုံးေဆာင္ၾကသည္။

မြန္းလြဲပိုင္းတြင္ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္သည္ ကုိယ္စားလွယ္အဖြဲ႕၀င္မ်ား ႏွင့္အတူ JETRO က “Asia’s New Value Chain Hub”  ေခါင္းစဥ္ျဖင့္ က်င္းပသည့္ ဂ်ပန္-မဲေခါင္ စီးပြားေရးဖိုရမ္သို႔ တက္ေရာက္သည္။

အဆိုပါ ဂ်ပန္-မဲေခါင္ စီးပြားေရးဖိုရမ္သို႔ ကေမၻာဒီးယားႏုိင္ငံ၊ လာအုိႏိုင္ငံ၊  ထုိင္း ႏိုင္ငံႏွင့္ ဗီယက္နမ္ႏိုင္ငံတို႔မွ ၀န္ႀကီးခ်ဳပ္မ်ား၊ မဲေခါင္အဖဲြ႕၀င္ ႏိုင္ငံမ်ားမွ ကုိယ္စားလွယ္ အဖဲြ႕၀င္မ်ား၊ ဂ်ပန္ႏိုင္ငံႏွင့္ မဲေခါင္အဖြဲ႕၀င္ႏုိင္ငံမ်ားမွ စီးပြားေရးလုပ္ငန္းရွင္မ်ား၊ ဖိတ္ ၾကားထားသူမ်ားႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ဖုိရမ္တြင္ JETRO ၏ Chairman and CEO ျဖစ္သူ Mr. Hiroyuki Ishige ႏွင့္ စီးပြားေရး၊ ကုန္သြယ္ေရးႏွင့္ စက္မႈ၀န္ႀကီး H.E.Mr. Hiroshige Seko တို႔က ႀကိဳဆို ႏႈတ္ခြန္းဆက္ စကားေျပာၾကားၾက သည္။

ထို႔ေနာက္ ကေမၻာဒီးယားႏုိင္ငံ ၀န္ႀကီးခ်ဳပ္၊ လာအုိႏိုင္ငံ ၀န္ႀကီးခ်ဳပ္၊ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္၊ ထုိင္းႏိုင္ငံ ၀န္ႀကီးခ်ဳပ္ႏွင့္  ဗီယက္နမ္ႏိုင္ငံ ၀န္ႀကီးခ်ဳပ္တို႔က မိန္႔ခြန္း ေျပာၾကားၾကသည္။

ထုိ႔ေနာက္ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္သည္ ဂ်ပန္ႏုိင္ငံ တိုက်ိဳၿမိဳ႕ရွိ နန္းေတာ္ သို႔ ေရာက္ရွိၾကၿပီး လက္ဖက္ရည္ သံုးေဆာင္ပြဲ အခမ္းအနားသို႔ တက္ေရာက္သည္။

ညေနပိုင္းတြင္ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္သည္ တုိက်ဳိၿမိဳ႕ရွိ ႏုိင္ငံေတာ္ဧည့္ ေဂဟာသို႔ ေရာက္ရွိရာ ဂ်ပန္ႏုိင္ငံ၀န္ႀကီးခ်ဳပ္ မစၥတာ ရွင္ဇိုအာေဘးက ခင္မင္ရင္းႏွီးစြာ ႀကိဳဆုိႏႈတ္ဆက္သည္။

ထုိ႔ေနာက္ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ႏွင့္ ဂ်ပန္ႏုိင္ငံ၀န္ႀကီးခ်ဳပ္ တုိ႔သည္ ႏိုင္ငံေတာ္ဧည့္ေဂဟာ၌က်င္းပသည့္ ျမန္မာ-ဂ်ပန္ ႏွစ္ႏုိင္ငံ ေတြ႕ဆံုေဆြးေႏြးပြဲသို႔ တက္ေရာက္ၾကသည္။

ထုိ႔ေနာက္ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ႏွင့္ ဂ်ပန္ႏုိင္ငံ ၀န္ႀကီးခ်ဳပ္တုိ႔သည္ ျမန္မာ-ဂ်ပန္ ႏွစ္ႏုိင္ငံ ပူးတြဲသတင္းစာ ရွင္းလင္းပြဲသို႔တက္ေရာက္ၾကၿပီး ျမန္မာ-ဂ်ပန္ ႏွစ္ႏုိင္ငံ ေတြ႕ဆံုပြဲတြင္ ေဆြးေႏြးခဲ့မႈမ်ားႏွင့္ ေဆြးေႏြးပြဲရလဒ္မ်ားကို ရွင္းလင္းေျပာ ၾကားၾကသည္။

ညပုိင္းတြင္ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္သည္ ကိုယ္စားလွယ္ အဖြဲ႕၀င္မ်ား ႏွင့္အတူဂ်ပန္ႏုိင္ငံ၀န္ႀကီးခ်ဳပ္က ႏိုင္ငံေတာ္ဧည့္ေဂဟာ၌ တည္ခင္းဧည့္ခံသည့္ ဂုဏ္ ျပဳညစာစားပြဲသို႔ တက္ေရာက္ၾကသည္။


Unicode

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၁၀) ကြိမ်မြောက် မဲခေါင်-ဂျပန်ထိပ်သီး အစည်းအဝေးနှင့် ဂျပန်-မဲခေါင် စီးပွားရေးဖိုရမ်သို့ တက်ရောက် မိန့်ခွန်းပြောကြား
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

တိုကျို အောက်တိုဘာ ၉

ဂျပန်နိုင်ငံ တိုကျိုမြို့၌ ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် (၁၀) ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးနှင့် ဂျပန်-မဲခေါင် စီးပွားရေးဖိုရမ်သို့ တက်ရောက် မိန့်ခွန်းပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင်များနှင့် အတူ ဒေသစံတော်ချိန် နံနက် ၇ နာရီခွဲတွင် ဂျပန်-မဲခေါင် ပါလီမန်ချစ်ကြည်ရေးအသင်းက Hotel New Otani ၌ တည်ခင်းဧည့်ခံသည့် မဲခေါင်နိုင်ငံ နိုင်ငံ့ခေါင်းဆောင်များ၏ အလုပ်သဘော နံနက်စာစားပွဲသို့ တက်ရောက်သည်။

အလုပ်သဘော နံနက်စာစားပွဲသို့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက် ဟွန်ဆန်၊ လာအိုနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ထောင်လွန်းဆီ ဆုလစ်၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ပရာယွတ် ချန်အိုချာ၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင် စွမ်းဖု၊ မဲခေါင်အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဂျပန်-မဲခေါင် ပါလီမန် ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

နံနက်စာစားပွဲတွင်  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက် စကားပြောကြားသည်။

ထို့အတူ ဂျပန်နှင့် မဲခေါင်နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ် များက နှုတ်ခွန်းဆက် စကားပြောကြား ကြပြီး ဒေသတွင်းနိုင်ငံများအကြား ဖွံ့ဖြိုး တိုးတက်ရေးနှင့်  ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြား ကြသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီး ချုပ်၊ လာအိုနိုင်ငံ ဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် တို့နှင့်အတူ Soccer Event အခမ်းအနားနှင့် (၁၀)ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီး အစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် တိုကျိုမြို့ရှိ နိုင်ငံတော်ဧည့်ဂေဟာ သို့ရောက်ရှိရာ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

Soccer Event အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၊  ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်၊ လာအိုနိုင်ငံ ဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံ ဝန်ကြီး ချုပ်နှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်တို့သည် မဲခေါင်ဒေသတွင်းနိုင်ငံများမှ ဘောလုံးအဖွဲ့ ချုပ်များဖြစ်သည့် မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့မှ ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးများနှင့် U-17 အသင်းခေါင်းဆောင် များအား ရင်းနှီးစွာတွေ့ဆုံ နှုတ်ဆက်ခဲ့ကြပြီး အမှတ်တရ လက်ဆောင် အဖြစ် ဘောလုံးများ ပေးအပ်ကြသည်။

ဂျပန်နှင့် မဲခေါင်ဒေသတွင်းနိုင်ငံများ ပိုမိုချစ်ကြည်ရင်းနှီးမှု ရရှိစေရန်အတွက် ယခုကဲ့သို့ ဘောလုံးအားကစားဖြင့် ဆက်ဆံပူးပေါင်း ဆောင်ရွက်ခြင်းသည် များစွာအ ကျိုးရှိပြီး ဂျပန်-မဲခေါင် U-17 ပြိုင်ပွဲကဲ့သို့သော ဖိတ်ခေါ်ပြိုင်ပွဲ များဖြင့် ဒေသတွင်းနိုင်ငံ များပိုမိုချစ်ကြည်ရင်းနှီးမှုရရှိလာသည့်အပြင် မဲခေါင်ဒေသတွင်း ဘောလုံးအားကစား အဆင့်အတန်းလည်း ပိုမိုမြင့်မားလာမည်ဖြစ်သည်။

ထို့နောက် ဂျပန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မဲခေါင်အဖွဲ့ဝင်နိုင်ငံများ မှ နိုင်ငံ့ခေါင်းဆောင် များအား အမှတ်တရအင်္ကျီများ ပြန်လည် ပေးအပ်ပြီး မဲခေါင်နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များနှင့်အတူ စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်သည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံတော်ဧည့်ဂေဟာ၌ ကျင်းပသည့် (၁၀)ကြိမ်မြောက် မဲခေါင်-ဂျပန်ထိပ်သီး အစည်းအဝေး ဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်သည်။
ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ ဂျပန်နိုင်ငံဝန်ကြီးချုပ်၊ မဲခေါင် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးက အဖွင့်အမှာ စကားပြောကြားပြီး ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက် ဟွန်ဆန်၊ လာအို နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ထောင်လွန်းဆီ ဆုလစ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ပရာယွတ် ချန်အိုချာနှင့် ဗီယက် နမ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင် စွမ်းဖုတို့ ပါဝင်ဆွေးနွေးကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပါဝင်ဆွေးနွေးရာ တွင် မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်ရေး၏ “တိုကျိုမဟာဗျူဟာ ၂၀၁၅ (၂၀၁၅-၂၀၁၈) ” အရ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို သုံးသပ်ဆွေးနွေးပြီး အနာဂတ်တွင် ဆောင်ရွက်မည့် အစီအစဉ်များ၊ အထူးသဖြင့် မဲခေါင်နိုင်ငံများအကြား သယ်ယူပို့ဆောင် ရေးနှင့် စွမ်းအင်ကဏ္ဍများ အပါအဝင် အခြားသော ကဏ္ဍများ၏ အခြေခံအဆောက်အဦ များ ပေါင်းစည်းဆက်နွယ်မှုတိုးမြှင့်ရေး၊ မဲခေါင်နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့အကြား စက်မှု ကုန်ထုတ်လုပ်မှုဆိုင်ရာ ချိတ်ဆက်ဆောင်ရွက် မှု မြှင့်တင်ဆောင်ရွက်သွားရေး၊ “ပြည်သူ အခြေပြုအသိုက်အဝန်း” တစ်ခု ထူထောင်သွားရေး၊ နည်းပညာနှင့် လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်နိုင်ငံ တကာအရေးကိစ္စများကို ဆွေးနွေးခဲ့သည်။

ယင်းနောက် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် မဲခေါင်-ဂျပန် နိုင်ငံ့ ခေါင်းဆောင်များက Tokyo Strategy 2018 for Mekong-Japan Cooperation ကို အတည်ပြုကြပြီး ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးက နိဂုံးချုပ်အမှာ စကား ပြောကြားသည်။

ယခုထိပ်သီးအစည်းအဝေးတွင် နိုင်ငံခေါင်းဆောင်များသည် ၂၀၁၉-၂၀၂၁ ခုနှစ် ကာလအတွက် ပူးပေါင်းဆောင်ရွက်မှု မူဘောင်အဖြစ် “တိုကျိုမဟာဗျူဟာ ၂၀၁၈ (၂၀၁၉ -၂၀၂၁)” ကို အတည်ပြု ထုတ်ပြန်ကြေညာခဲ့သည်။

ထို့နောက် ဂျပန်နိုင်ငံဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ လာအိုနိုင်ငံ ဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် တို့သည် နိုင်ငံတော်ဧည့်ဂေဟာ၌ ကျင်းပသည့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ကြပြီး (၁၀)ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးနှင့်စပ်လျဉ်း၍  သတင်းမီဒီယာများ ကို နိုင်ငံအလိုက် ရှင်းလင်းပြောကြားကြသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မဲခေါင် အဖွဲ့ဝင်နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များနှင့်အတူ Hotel New Otani Tokyo ၌ ကျင်းပသည့် စီးပွားရေး အဖွဲ့အစည်းများနှင့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်ကြသည်။
အလုပ်သဘော နေ့လယ်စာစားပွဲတွင် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်၊ လာအိုနိုင်ငံ ဝန်ကြီးချုပ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်တို့သည် နှုတ်ခွန်းဆက်စကား ပြောကြားကြပြီး စီးပွားရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်ကြသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကိုယ်စားလှယ်အဖွဲ့ဝင်များ နှင့်အတူ JETRO က “Asia’s New Value Chain Hub”  ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဂျပန်-မဲခေါင် စီးပွားရေးဖိုရမ်သို့ တက်ရောက်သည်။

အဆိုပါ ဂျပန်-မဲခေါင် စီးပွားရေးဖိုရမ်သို့ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊  ထိုင်း နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဝန်ကြီးချုပ်များ၊ မဲခေါင်အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ ဂျပန်နိုင်ငံနှင့် မဲခေါင်အဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ် ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဖိုရမ်တွင် JETRO ၏ Chairman and CEO ဖြစ်သူ Mr. Hiroyuki Ishige နှင့် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး H.E.Mr. Hiroshige Seko တို့က ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားကြ သည်။

ထို့နောက် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်၊ လာအိုနိုင်ငံ ဝန်ကြီးချုပ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နှင့်  ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်တို့က မိန့်ခွန်း ပြောကြားကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နန်းတော် သို့ ရောက်ရှိကြပြီး လက်ဖက်ရည် သုံးဆောင်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

ညနေပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် တိုကျိုမြို့ရှိ နိုင်ငံတော်ဧည့် ဂေဟာသို့ ရောက်ရှိရာ ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးက ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် တို့သည် နိုင်ငံတော်ဧည့်ဂေဟာ၌ကျင်းပသည့် မြန်မာ-ဂျပန် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်တို့သည် မြန်မာ-ဂျပန် နှစ်နိုင်ငံ ပူးတွဲသတင်းစာ ရှင်းလင်းပွဲသို့တက်ရောက်ကြပြီး မြန်မာ-ဂျပန် နှစ်နိုင်ငံ တွေ့ဆုံပွဲတွင် ဆွေးနွေးခဲ့မှုများနှင့် ဆွေးနွေးပွဲရလဒ်များကို ရှင်းလင်းပြော ကြားကြသည်။

ညပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကိုယ်စားလှယ် အဖွဲ့ဝင်များ နှင့်အတူဂျပန်နိုင်ငံဝန်ကြီးချုပ်က နိုင်ငံတော်ဧည့်ဂေဟာ၌ တည်ခင်းဧည့်ခံသည့် ဂုဏ် ပြုညစာစားပွဲသို့ တက်ရောက်ကြသည်။